အာဖဂန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်၊ အနည်းဆုံး လူ ၄၀ သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ Afghan Voice သတင်းဌာန ရုံးနဲ့ အနီးရှိ ရှီးယိုက် ယဉ်ကျေးမှုစင်တာမှာ ဒီကနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပြီး ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို ဆိုဗီယက်ကျူးကျော်မှု ၃၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများစုဟာ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ မျက်မြင်တဦးက “သေတဲ့လူတွေ အများကြီးတွေ့တယ်။ ကျနော့်အစ်ကိုဝမ်းကွဲကို သွားရှာတာ မတွေ့ဘူး။ သူဘယ်လိုများနေလဲ မသိဘူး။ သေဆုံးသူအရေအတွက် တိုးလာတယ်” လို့ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် Afghan Voice သတင်းဌာနရှိ သတင်းထောက်တဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီသတင်းဌာန သတင်းထောက်တဦးက ပြောပါတယ်။ အခုတိုက်ခိုက်မှုဟာ မကြာသေးခင်က ပြုလုပ်တဲ့ အာဖဂန်သတင်းဌာန တိုက်ခိုက်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း မြို့တော် ကဘူးလ်ရှိ ပုဂ္ဂလိက သတင်းဌာနတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up