လမ်းခွဲခိုင်းသည့် ချစ်သူကောင်မလေး၏ မိဘနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ထဲက ရက်စ်ဆန်ဒေသမှာ လမ်းခွဲဖို့ ပြောခဲ့တဲ့ ချစ်သူကောင်မလေးရဲ့ မိဘ ၂ ပါးကို ကောင်လေးက သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ ကောင်မလေးရဲ့ မိဘတွေဖြစ်တဲ့ ဘက်ကလေခန်းဖရစ်ကာ (၄၃-နှစ်)နဲ့ စကော့တ် (၄၈-နှစ်)တို့ကို သူတို့ရဲ့ အိမ်ထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကောင်မလေးရဲ့ ချစ်သူ အသက် ၁၇ နှစ်အရွယ် ကောင်လေးကိုတော့ လူသတ်မှု လုပ်နေတုန်း သူ့ကိုယ်သူ သေနတ်နဲ့ ပစ်မိလို့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းတွေရဲ့ အပြောအရ သူတို့ရဲ့ ၁၆ နှစ်သမီး ချစ်သူရည်းစားအသစ်နဲ့ စတင်ချိန်းတွေ့တဲ့ ဇွန်လကတည်းက စပြီး မိဘ ၂ ပါးက စိတ်အနှောင့်အယှက် ဖြစ်နေတာလို့ ဝါရှင်တန်ပို့စ်သတင်းက ရေးထားပါတယ်။ မိခင်ဖြစ်သူက ကောင်လေးရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်ကတည်းက သတိထားမိခဲ့ပါတယ်။ တွစ်တာပေါ်မှာ ကောင်လေး တင်ထားတဲ့ ဟစ်တလာကို ချီးကျူးထားတဲ့ စာတွေ၊ ဂျူးလူမျိုးတွေနဲ့ပတ်သက်လို့ ကောင်လေးရဲ့ စိတ်ဆိုးစရာ မှတ်ချက်တွေကို မိခင်ဖြစ်သူက တွေ့ခဲ့တာပါ။ အဲဒီနောက် သမီးဖြစ်သူက ကောင်လေးနဲ့ အဆက်အသွယ်ဖြတ်ဖို့ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးက ချစ်သူကောင်မလေးရဲ့ နေအိမ်ထဲ ညဘက်တွေမှာ ဝင်လေ့ရှိပါတယ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ညမှာ ကောင်လေးက အိမ်ထဲထပ်ဝင်ခဲ့ချိန် မိဘတွေက တွေ့ရှိပြီး ဖခင်ဖြစ်သူ စကော့တ်က ကောင်လေးကို ထွက်သွားဖို့ ဘယ်တော့မှ ပြန်မလာဖို့ အော်ဟစ်မောင်းထုတ်ချိန်မှာ ကောင်လေးက သေနတ် ဆွဲထုတ်ကာ ၂ ဦးစလုံးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ စုံတွဲမှာ ၁၀ နှစ်အရွယ် သားတဦးလည်း ရှိသေးတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up