Home
မြန်မာသတင်း
အမြန်လမ်းတွင် ပရိုဘောက်ကားတစီး လမ်းဘေးတံတားကို တိုက်မိ
DVB
·
December 22, 2017
ရန်ကုန်-မန္တလေးအမြန်လမ်း၊ ဥတ္တရသီရီမြို့နယ် ဒီဇင်ဘာ ၂၂ ရက်မနက်အစောက မန္တလေးဘက်ကိုမောင်းလာတဲ့ ပရိုဘောက်ကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး တံတားဘောင်ကို တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပန်းတင်အမြန်လမ်း ရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့မနက်အစောပိုင်း ရန်ကုန်ကပြန်လာတဲ့ သာစည်မြို့နယ် သီရိမင်္ဂလာရပ် ဒေါနလမ်းနေ ကိုအောင်မိုးသူ မောင်းလာတဲ့ကား အရှိန်များပြီးမထိန်နိုင်တော့ဘဲ လမ်းဘေးတံတားဘောင်တန်းကို တိုက်မိပြီး ကားပေါ်မှာပါလာတဲ့ လူ ၅ ဦးအနက် ၂ ဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ပန်းတင်အမြန်လမ်းရဲစခန်းအမှုစစ် ရဲအရာရှိက “အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ဝင် ၇ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေးနဲ့ လမ်းဦးစီးတို့အပါဝင်သွားခဲ့တယ်။ ဦးအောင်မျိုးသန့် မေးစေ့နဲ့ အောက်နှုတ်ခမ်းပေါက်ပြဲတယ်။ ရင်ဘတ်အောင့်တယ် ဦးသန့်ဇင်ကတော့ လက်နာသွားတယ် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံပို့ပေးရတယ်။ ကားကတော့ ၅ သိန်းဖိုးလောက် ပျက်သွားတယ်” လို့ ပြောပါတယ်။ ပန်းတင်အမြန်လမ်းရဲစခန်းက ကိုအောင်မိုးသူကို ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၇နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024