စင်ကာပူစစ်တပ်နှင့် ဖိလစ်ပိုင်စစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်

ဓာတ်ပုံ - ရိုက်တာ
အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတာကို တိုက်ခိုက်သွားဖို့ စင်ကာပူစစ်တပ်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို စင်ကာပူနိုင်ငံ မြို့ပြတိုက်ပွဲလေ့ကျင်ရေးစင်တာမှာ ပြုလုပ်ခဲ့တာပါ။ သီတင်းနှစ်ပတ်ကြာ ကျင်းပမယ့် အဲဒီစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့တာပါ။ စင်ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen က ခြိမ်းခြောက်မှုမြင့်လာတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ဖျက်ဖို့ စင်ကာပူနိုင်ငံမှာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ဖိလစ်ပိုင်စစ်တပ်ကို ဇူလိုင်လက ကမ်းလှမ်းခဲ့အပြီး အခုလို ပူးတွဲစစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ခြေကုပ်နယ်မြေ ဆုံးရှုံးလာတဲ့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခြေစိုက်စခန်းချမှာကို စိုးရိမ်နေကြတာပါ။ ဒါကြောင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ့ခေါင်းဆောင်တွေဟာ ထောက်လှမ်းရေး အချက်အလက်မျှဝေတာ၊ အကူအညီပုံစံမျိုးစုံ ပေးတာမျိုးတွေ ပြုလုပ်ပြီး အခုနှစ်အတွင်း ထောက်ပံ့မှုတွေ တိုးမြှင့်ခဲ့တာပါ။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လစ်ဟာနေတဲ့ နယ်စပ်ဒေသတွေမှာ စစ်သွေးကြွ လှုပ်ရှားမှုတွေကို တားဆီးဖို့ အခုလို ထောက်ပံ့မှုပေးနေတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြီးဆုံး လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို သိမ်းပိုက်လိုက်တဲ့ စစ်သွေးကြွတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ လူ ၁ ထောင်ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုဟာ စစ်သွေးကြွတွေ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up