တနင်္သာရီ-မောတောင် ကားလမ်းတွင် ကားမှောက်ပြီး ကိုရင်ငယ် ၁ ပါးပျံလွန်
DVB
·
December 13, 2017
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနဲ့ သိန်ခွန်းကျေးရွာအကြား မှာ ဒီဇင်ဘာ ၁၂ ရက်က မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့လို့ ဆရာတော် ၁ ပါး ဒဏ်ရာရပြီး ကိုရင် ၁ ပါး ပျံလွန်တော်မူသွားပါတယ်။
မြိတ်မြို့၊ ဓမ္မသီတဂူကျောင်းက ဆရာတော် ၁ ပါး၊ ကိုရင် ၂ ပါးနဲ့ အမျိုးသမီး ၁ ဦး လိုက်ပါလာတဲ့ မတ်တူး အမျိုးအစားယာဉ်ဟာ သဲဖြူကျေးရွာမှ မြိတ်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၂၃ နဲ့ ၂၄ အကြားမှာ ကားရှေ့ဘီးပေါက်ပြီး လမ်းဘေး ရေမြောင်းထဲ ထိုးကျသွားခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ဆရာတော် ဥူးကဝိဒ္ဓမှာ ခါးပွန်းပဲ့ဒဏ်ရာ၊ ညာလက်မောင်း ပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး ကိုရင်ဝိမလ (၁၂-နှစ်)မှာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးပြီး ဥူးတိက္ခ၊ စိုးပြည့်အောင်၊ ခင်မာဝင်း တို့ ၃ ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရပါတယ်။
လူ့အသက်ကို သေစေသည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း စိုးပြည့်အောင်(ခ)ပုငယ်ကို မောတောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-(က) အရ အရေးယူထားပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)