အချိန်ဆွဲကစားသည့် နည်းဗျူဟာကို အာစင်ဝင်းဂါး ဝေဖန်

အချိန်ဆွဲကစားတဲ့ နည်းဗျူဟာက အင်္ဂလန်မှာ ပြဿနာတခု ဖြစ်လာပြီလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ ဒီလို အချိန်ဆွဲကစားတဲ့ နည်းစနစ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အင်္ဂလန်မှာ ပြဿနာတခု ဖြစ်လာနေပြီး ဒီလိုကစားပုံဟာ ပွဲတပွဲကို လေးစားမှုအပြည့်နဲ့ ကစားရမယ့် ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ သက်ဆိုင်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ နောက်ပြီး ဒီလိုကစားတာကို အရေးယူမှုမရှိတဲ့ ဒိုင်လူကြီးတွေနဲ့ သက်ဆိုင်ပြီး သူတို့မှာ ဒီလိုအရေးယူနိုင်တဲ့အာဏာ ရှိတယ်လို့ အာစင်ဝင်းဂါးက ဆက်ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ မှာ တဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး အဲဒီပွဲမှာ အချိန်ဆွဲကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းကို ရည်ရွယ်ကာ အာစင်ဝင်းဂါးက ဝေဖန်လိုက်တာပါ။ ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်မရခဲ့ပေမယ့် အနည်းဆုံး မရှုံးအောင် ကစားနိုင်ခဲ့တယ်လို့ အာစင်ဝင်းဂါးက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up