သီရိလကၤာရွိ ဟမ္ဘန္တိုတာ ဆိပ်ကမ်းအား တရုတ်ကို လွှဲအပ်

သီရိလင်္ကာအစိုးရဟာ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို စီမံခန့်ခွဲခွင့်နဲ့ ပိုင်ဆိုင်ခွင့်ကို တရုတ် ကုန်သည်များအုပ်စုဆီ တရားဝင် လွှဲအပ်လိုက်ပါတယ်။ သီရိလင်္ကာ အစိုးရဟာ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို စီမံခန့်ခွဲခွင့်နဲ့ ပိုင်ဆိုင်ခွင့်ကို တရုတ် ကုန်သည်များအုပ်စုဆီ မနေ့က တရားဝင် လွှဲအပ်လိုက်ပါတယ်။ သီရိလင်္ကာ နိုင်ငံရဲ့ မြို့တော်ကိုလံဘိုက လွှတ်တော် အဆောက်အဦမှာ ကျင်းပတဲ့ လွှဲပြောင်းရေး အခမ်းအနားကို သီရိလင်္ကာဝန်ကြီးချုပ် ရာနီးလ်ဝစ်ခရီမန်ဆင်းနဲ့ ဆိပ်ကမ်းနဲ့ သင်္ဘောဝန်ကြီးဌာန ဝန်ကြီး မဟင်ဒါစာမာရာဆင်ဟာတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါတယ်။ တရတ်ကိုယ်စားလှယ်အဖွဲ့ကိုတော့ တရုတ်ကုန်သည်ကြီးများ အုပ်စုရဲ့ ဒုမန်နေဂျာချုပ် ဟူကျန်းဟွာနဲ့ သီရိလင်္ကာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယိရှန့်လျန်တို့က ပူးတွဲ ဦးဆောင်ပါတယ်။ ဆိပ်ကမ်းလုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်က ကြေညာပြီးတဲ့နောက် နှစ်ဖက် ကိုယ်စားလှယ်တွေကြား လက်ဆောင်ပစ္စည်းတွေ လဲလှယ်ကြပါတယ်။ ပူးတွဲဆောင်ရွက်ခြင်းဟာ ဒေသတွင်းကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်အောင် ကူညီနိုင်မယ်လို့ ယုံကြည်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်က အခမ်းအနားမှာ ပြောပါတယ်။ ဒါဟာ ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမကဘဲ အိန္ဒိယသမုဒ္ဒရာထဲမှာ ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဟမ်ဘန်တိုတာ စီးပွားရေးအချက်အခြာ ဒေသဟာကုန်သွယ်မှု ပိုကောင်းအောင် မြှင့်တင်ရာမှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်လာမှာဖြစ်သလို ဒေသတွင်း နိုင်ငံတွေနဲ့ရော ကမ္ဘာ့နိုင်ငံတွေနဲ့ပါ ချိတ်ဆက်နိုင်မယ်လို့ သူက ပြောပါတယ်။ “ဒီရင်းနှီးမြှုပ်နှံမှုမှာ ဘာနိုင်ငံရေးမှ ပါလာမှာ မဟုတ်ဘူး။ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ဘယ်လို လှုပ်ရှားမှုမှလည်း ရှိလာမှာ မဟုတ်ဘူး။ ဒါဟာ  ရာနှုန်းပြည့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပဲ။ နှစ်နိုင်ငံလုံးအတွက် အကျိုးအမြတ်ရှိတဲ့ အခြေအနေပါ” လို့ သီရိလင်္ကာဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up