ယူကေတွင် နိုင်ငံရေးခိုလှုံသူတဦး ပြန်ပို့မည်ကိုစိုးရိမ်သဖြင့် ဘောပင်မျိုချ ဆန္ဒပြ

ယူကေနိုင်ငံရဲတွေက နိုင်ငံပြန်ပို့မှာကို စိုးရိမ်လို့ ယူကေမှာ နိုင်ငံရေးခိုလှုံနေတဲ့ ဆူဒန်နိုင်ငံသား သူတဦး ဘောပင်မျိုချ ဆန္ဒပြနေစဉ် ဗိုက်အောင့်လာတာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဒီဇင်ဘာ ၈ ရက်နေ့က ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ယူကေနိုင်ငံမှာ နေနေပြီး အမည်မဖော်ပြထားတဲ့ အသက် ၂၇ နှစ်အရွယ် ဆူဒန်နိုင်ငံသားက အာဖရိကမှာ စစ်ဖြစ်နေတဲ့ နိုင်ငံတခုဖြစ်တဲ့ တောင်ဆူဒန်ကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာပါ။ အဲဒီနောက် ဘောပင်မျိုချသူ ဗိုက်အောင့်လာလို့ ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။ ဘောပင်မျိုချပြီး ၂ ပတ်အကြာမှာ စတင်နာကျင်လာပြီး အစာ စား၊ အရည်သောက်လိုက်တိုင်း နာကျင်မှု ပိုဆိုးကာ အန်လည်းအန်ပါတယ်။ ဆေးရုံမှာ ၂ ပတ်ကြာ ကုသကာ ဘောပင်ကို ဖယ်ထုတ်ရတဲ့ စရိတ်က စုစုပေါင်းက ပေါင် ၁ သောင်း ၄ ထောင်ကျမယ်လို့ ခန့်မှန်းနေကြပါတယ်။ အလားတူဖြစ်ရပ်မျိုး မေလတုန်းကလည်း ဖြစ်ခဲ့ပြီး ဆီးရီးယား ဒုက္ခသည်တဦးက သူတသက်တာ စုဆောင်းထားတဲ့ ငွေတွေကို မျိုချခဲ့တာပါ။ အမည်မဖော်ပြထားတဲ့ ဆီးရီးယားအမျိုးသားက နယ်သာလန်နိုင်ငံဆီ သဘောင်္နဲ့သွားစဉ် ၁၃၉၅ ပေါင်ရှိတဲ့ ငွေထုပ်ကို မျိုချခဲ့တာပါ။ အဲဒီအမျိုးသား ဗိုက်နာပြီး အန်လို့ ဆေးရုံ လာပြချိန် ဒက်ခ်ျဆရာဝန်တွေက အစာအိမ်ထဲ ပိုက်ဆံတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ငွေသားတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ထိတွေပေမယ့် လုံးဝ အကောင်းအတိုင်း ရှိတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up