ရီးရဲလ်က အိုင်ကာဒီကို ဇန်နဝါရီ အပြောင်းအရွှေ့တွင် အပြီးသတ် ခေါ်ယူမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီကို ခေါ်ယူဖို့အတွက် ဒီဇင်ဘာ ၂၆ မှာ ဆေးစစ်မှု ပြုလုပ်မယ်လို့ သိရပါတယ်။ စပိန်ကလာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အနေနဲ့ အိုင်ကာဒီအတွက် ပေါင်သန်း ၇၀ ဝန်းကျင် ပေးချေရဖို့ရှိပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြီးသတ် စာချုပ်ခေါ်ယူမယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုရာတာကို ချဲလ်ဆီးအသင်းဆီ ရောင်းထုတ်ခဲ့တာကြောင့် တိုက်စစ်မှူးတဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ရီးရဲလ်အသင်းဟာ လစ်ဇက်တိုက်စစ်မှူး တီမိုဝါနာကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် အိုင်ကာဒီကို ခေါ်ယူဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အိုင်ကာဒီဟာ အင်တာနဲ့ ၁၅ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up