အမေရိကန်အစိုးရကို မကျေနပ်ကြောင်း တရုတ်ကြေညာချက်ထုတ်

တရုတ် စီးပွားရေးဝန်ကြီးဌာနက အမေရိကန် အစိုးရကို အပြင်းအထန်မကျေနပ်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) အတွင်း တရုတ်ရဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်းကို အမေရိကန်က အသိအမှတ် မပြုတဲ့အတွက် တရုတ်က မကျေမနပ် ဖြစ်နေတာပါ။ တရုတ်ရဲ့ ဈေးကွက် စီးပွားရေး အဆင့်အတန်းကို သတ်မှတ်ပေးဖို့ ဆန့်ကျင်တယ်၊ တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) ကြား အငြင်းပွားမှုမှာ EU ဘက်က ရပ်တည်တယ်လို့ အမေရိကန်က WTO ကို ပြောခဲ့ပါတယ်။ WTO ရဲ့ လုပ်ငန်းစဉ် အပိုဒ်ခွဲ ၁၅ အရ တရုတ်ဟာ မနှစ်က ဒီဇင်ဘာတည်းက ဈေးကွက် စီးပွားရေး အဆင့်အတန်းကို ရခဲ့ပြီးပြီလို့ တရုတ် ဝန်ကြီးဌာနက ဖိအားပေး ပြောဆိုပါတယ်။ ဒါပေမယ့် ဈေးကွက်ပေါက်ဈေးထက် လျှော့ရောင်းတဲ့ ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေဆီ တင်ပို့မှု ဟန့်တားရေး စုံစမ်းစစ်ဆေးရာမှာ တချို့ အနောက်နိုင်ငံတွေက တရုတ် ကုန်စည်တွေကို ကန့်သတ် ထိန်းချုပ်ထားတဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းနေကြတာပါ။ ဒီကန့်သတ်ချက်ဟာ ၂၀၁၆ ဒီဇင်ဘာမှာ သက်တမ်းကုန်ဆုံးလို့ ဆက်ကန့်သတ်ထားဖို့ အမေရိကန်က အဆိုတင်သွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up