Home
မြန်မာသတင်း
၁၃၀၀ ပြည့်အ​ရေး​တော်​ပုံ (၇၉) နှစ်​ပြည့်ပွဲသို့ သခင်​ဘိုးလှကြီးသမီး တက်​​ရောက်
DVB
·
December 3, 2017
ချောက်မြို့၊ အလုပ်သမား မေဒေးကျောက်တိုင်၊ အာဠာဝကသခင်ဘိုးလှကြီး ရင်ပြင်မှာ ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ (၇၉) နှစ်ပြည့် သမိုင်းအလင်းပွင့်စကား ဟောပြောပွဲကို သခင်ဘိုးလကြီးရဲ့ မျိုးဆက် တဦးတည်းသာကျန်ရှိတဲ့သမီးဖြစ် သူ ဒေါ်ကြင်ကြင်ဝေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ “အမေက သားသမီး ခြောက်ယောက်ထဲက ဒုတိယမြောက် သမီးပါ။ အသက်က ၉၀ ထဲ ရောက်နေပါပြီ။ အခုလို ၇၉ နှစ်မြောက် ၁၃၀၀ ပြည့်အရေးတော်ပုံ ဂုဏ်ပြုအခမ်းအနားကို တက်ရောက်ခွင့်ရလို့ ဂုဏ်ယူဝမ်းသာ မိပါတယ်။ ချောက်မြို့ကြီးက မြို့သူမြို့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဒေါ်ကြင်ကြင်ဝေ က ပြောပါတယ်။ အဆိုပါဟောပြောပွဲကို ညနေ ၆ နာရီမှာ စတင်ပြီး ချောက်မြို့နယ်မှ ကဗျာဆရာတွေ ဖြစ်ကြတဲ့ ပိတောက်မြိုင် ကဗျာဝိုင်းက ကဗျာဆရာတွေက ကဗျာ ရွတ်ဆိုကြပြီး၊ ဒေါက်တာအာကာမိုးသူ (အရှေ့တိုင်းပညာ)၊ ဒေါက်တာတင်မောင်သန်း(သင့်ဘဝ) နဲ့ ဖိတ်ကြားထားတဲ့ စာရေးဆရာကြီးတွေက သမိုင်းအလင်းပွင့်စကားတွေ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ “အမှတ်တရ အနေနဲ့ ပြောရရင် ၁၃၀၀ ပြည့် စိန်ရတု အခမ်းအနားကျင်းပနေချိန် ကျေးပိဿာ ချိန် အချိန် ၂၂၀ ရှိ သခင်ဘိုးလှကြီးကျေးရုပ်ကို ကရိန်းနဲ့တင်နေချိန်မှာ ရေနံတွင်းရဲ့ ရေနံထွက်နှုန်း လာပြောလို့ ဝမ်းသာခဲ့ရပါတယ်။ အခု ယနေ့အချိန်တိုကာလ အတွင်းမှာ ရေနံစည်ပေါင်း ၁၃၀၀ ထွက်နေပြီလို့ လာပြောလို့ ဝမ်းသာခဲ့ရပါတယ်” လို့ ၇၉ နှစ်မြောက် ဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညိုသွေး က ပြောပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024