Home
မြန်မာသတင်း
ထိုင်း​နိုင်ငံတွင် လုပ်အား​ခအတွက် မြန်မာအလုပ်သမား​များ​ ဆန္ဒပြ
DVB
·
April 11, 2012
ထိုင်း​နိုင်ငံ ကန်ချနဘူရီခရိုင် ​ထောင်း​ဖာဖုမ်း​မြို့​နယ် ထာ့​လေမှာရှိတဲ့​ သစ်သီး​စည်သွတ်စက်ရုံမှာ ​ထောင်ချီတဲ့​ မြန်မာအလုပ်သမား​တွေ လုပ်ခလစာ အတွက် ဒီ​နေ့​မနက် ဆန္ဒပြခဲ့​ပါတယ်။ ဖိုက်တာ ဖုဒ် အင်ဒပ်စ်ထရီ အမည်ရ သစ်သီး​တွေစည်သွတ်တဲ့​ စက်ရုံက အလုပ်သမား​တွေကို ပတ်စ်ပို့​ရှိတဲ့​သူ၊​ ဘတ်လို့​ခေါ်တဲ့​ အလုပ်သမား​ လက်မှတ်ရှိတဲ့​သူနဲ့​ တရား​မဝင် လာ​ရောက် အလုပ်လုပ်​နေတဲ့​သူ​တွေကို ခွဲခြား​ပြီး​ လုပ်အား​ခ သတ်မှတ်တဲ့​အတွက် အခုလို ဆန္ဒပြတာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား​ ​သောင်း​နဲ့​ချီ အလုပ်လုပ်ကိုင်​နေပြီး​ အလုပ်သမား​ ၄၀၀၀ နီး​ပါး​ ဆန္ဒပြခဲ့​တယ်လို့​ ​ပြောပါတယ်။ အလုပ် လုပ်ကိုင်ရတာချင်း​ တူ​ပေမယ့်​ ပတ်စ်ပို့​ရှိသူကို ဘတ် ၃၀၀၊​ အလုပ်သမား​ လတ်မှတ်ရှိသူကို ၂၅၁ ဘတ်နဲ့​ တရား​မဝင်အလုပ်သမား​တွေကို ဘတ် ၂၂၀ ​ပေး​ဖို့​ သတ်မှတ်ချက် ရုံး​စာကို စက်ရုံအတွင်း​ အရင်ရက်ပိုင်း​က ထုတ်ပြန်လိုက်ပါတယ်။ ဒီရက်ပိုင်း​အတွင်း​မှာလည်း​ အရင်က တရား​မဝင် အလုပ်သမား​တွေဆီက​နေ ၁၅ ရက် ၁ ပတ်ကို ရဲ​ကြေး​ ဘတ် ၃၀၀ ​ကောက်ခံ​နေရာက ဘတ် ၅၀၀ အထိ ​ပြောင်း​လဲ​ကောက်ခံခဲ့​တာလည်း​ ဆန္ဒပြတဲ့​အ​ကြောင်း​တရပ် ဖြစ်တယ်လို့​ ဆိုပါတယ်။ ဆန္ဒပြတဲ့​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ အလုပ်သမား​တဦး​က “သရက်သီး​စက်ရုံကစပြီး​ ဆန္ဒပြတာ ကျ​နော်တို့​ရုံ​ရှေ့​မှာ လာ​အော်ပါတယ်။ မြန်မာပြည်သား​တွေ ​သွေး​မရှိဘူး​လား​၊​ မတရား​တာ ခံ​နေမှာလား​၊​ မှန်တာလုပ်တာ၊​ ဆို​တော့​ ကျ​နော်တို့​အား​လုံး​ ထွက်ကြပါတယ်။ ကျ​နော်တို့​က ​နေ့​စား​သမား​ပါ။ ပုတ်ပြတ်သမား​ မဟုတ်ဘူး​။ ခိုင်း​တော့​ ပုတ်ပြတ်သမား​တွေကို ခိုင်း​သလို ခိုင်း​ပါတယ်။ ပိုက်ဆံကျ​တော့​လည်း​ အဆင့်​ဆင့်​ ခွဲခြား​ထား​တယ်။ လုပ်ရတာချင်း​ အတူတူ ဘတ်(အလုပ်သမား​လက်မှတ်) ရှိရှိ မရှိရှိ အလုပ်သမား​တွေအား​လုံး​ တန်း​တူ ​ပေး​ပါလို့​ ဆန္ဒပြတာပါ။ မြန်မာပြည်သား​တွေကို အခုလို နှိပ်ကွပ်တာကို ကျ​နော်လည်း​ မခံနိုင်ပါဘူး​။ ဘာမှလည်း​ ​ပြောပိုင်ခွင့်​လည်း​ မရှိပါဘူး​။ (အလုပ်လုပ်ရန် လာ​ရောက်ဖို့​ လမ်း​စရိတ်) အ​ကြွေး​ကျေသွား​လို့​ ထွက်သွား​ရင်​တောင်မှ ဘာမှ ခိုင်ခိုင်လုံလုံ စာရွက်စာတမ်း​ မရှိလို့​ ရဲလက်ထဲကို သူ​ဌေး​မ​တွေက အပ်လိုက်တာမျိုး​လည်း​ ကြုံ​တွေ့​ဖူး​ပါတယ်။” အလုပ်ရှင်နဲ့​ ရဲ​တွေ​ရောက်လာပြီး​ အဆင်​ပြေ​အောင် ညှိနှိုင်း​ပေး​မယ်ဆိုပြီး​ လူစုခွဲခိုင်း​တယ်လို့​လည်း​ ​ပြောပါတယ်။ ဒီအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ စက်ရုံကို ဆက်သွယ်​ပေမယ့်​ မရဖြစ်ခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024