ရခိုင်ဒေသ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ ရှင်းလင်း
DVB
·
November 16, 2017
ရခိုင်ပြည်နယ် ဒေသအတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ရှင်းလင်းမှုတရပ်ကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက စတင်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နဲ့ စပ်လျဉ်းပြီး အခွန်၊ ရခိုင်ဘဏ္ဍာ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက လုပ်ငန်းစီမံကိန်း ရေးဆွဲထားမှုများကို power point နဲ့ ရှင်းလင်းပြခဲ့ပါတယ်။
ဒီဆွေနွေးမှုကို ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၉ ဖွဲ့ တက်ရောက် အလှူငွေပေးအပ်ခဲ့ပြီး ညနေ ၃ နာရီမှာ ပြီးဆုံးသွားခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို