မက္ကဆီကိုငလျင်ကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများ ပိတ်ထား၍ လမ်းပေါ်ထွက် စာသင်

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုစီးတီးငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ကျောင်းတချို့ကို ပိတ်ထားဆဲဖြစ်တာမို့ အခုအခါ ဆရာနဲ့ကျောင်းသားတွေဟာ လမ်းပေါ်ထွက် စာသင်နေကြရပါတယ်။ ငလျင်လှုပ်ခတ်ပြီးလို့ နှစ်လနီးပါး ရှိသွားပေမယ့် ဆင်ခြေဖုံးဒေသရှိ ပျက်စီးခဲ့တဲ့ ကျောင်းတချို့ကို ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီအတွက် အဲဒီကျောင်းတွေ ပြန်ဖွင့်မှာကို စောင့်ပြီး ဆရာနဲ့ ကျောင်းသားတချို့ဟာ လမ်းပေါ်ထွက် စာသင်နေတာကို မြင်တွေ့ရပါတယ်။ ကျောင်းဆရာတဦးက “ကျောင်းတွေကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် လုပ်ပေးဖို့ လိုပါတယ်ဗျာ။ ပြန်တည်ဆောက်တဲ့အခါမှာလည်း ဘေးအန္တရာယ်ကင်းတဲ့ကျောင်းတွေ ဖြစ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ကျောင်းတွေကို ကောင်းကောင်းကြီးကြပ်ရမယ်။ ဒါမှ မိဘတွေလည်း စိတ်အေးနိုင်မယ်” လို့ ပြောပါတယ်။ အဲဒီအတွက် ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေဟာ ပျက်စီးသွားတဲ့ကျောင်းတွေကို ဦးစားပေး အမြန်ပြင်ဆင်ပေးဖို့နဲ့ ဘေးအန္တရာယ်ကင်းတဲ့ ကျောင်းတွေဖြစ်ဖို့ သက်ဆိုင်ရာကို တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားမိဘတဦးက “သက်ဆိုင်ရာက  အမိုးတွေ လာမိုးပေးပြီး စာသင်လို့ရပြီလို့ ပြောသွားတယ်။ ဒါပေမယ့် လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ ကျမတို့ကလေးတွေ တခုခုဖြစ်ရင် တာဝန်ယူပါတယ်ဆိုပြီး ရေးထားတဲ့ စာလေးတစောင်တောင် မပေးဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက လှုပ်ခတ်ခဲ့တဲ့ မက္ကဆီကိုစီးတီးငလျင်ကြောင့် မူလတန်းကျောင်း နှစ်ကျောင်း ပြိုကျခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၀ လောက် သေဆုံးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up