သူပုန်ခေါင်းဆောင်များ ပုန်းအောင်းရာနေရာများကို စုံစမ်းစစ်ဆေးနေဟု ဖိလစ်ပိုင်ပြော

Government troops are seen during an assault on insurgents from the so-called Maute group, who have taken over large parts of Marawi City, in Marawi City, southern Philippines May 25, 2017. REUTERS/Romeo Ranoco
ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့က တိုက်ခိုက်မှုအတွင်း သက်သေတွေကို ပိုပြီး စုမိစေဖို့ သူပုန်ခေါင်းဆောင်တွေ ပုန်းအောင်ရာ နေရာတွေကို စုံစမ်းစစ်ဆေး နေခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။ မာရာဝီ သူပုန်ထမှုမှာ ခေါင်းဆောင်တွေ ဖြစ်တဲ့ အိုမာ မောက်ထ်နဲ့ အစ်နီလွန် ဟာပီလွန်တို့ သေဆုံးတယ်လို့ စစ်ဘက် အရာရှိတွေက အောက်တိုဘာ ၁၆ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။ အဲဒီနောက် သီတင်းပတ်တပတ် အကြာမှာ တိုက်ပွဲပြီးဆုံးပြီလို့ ကြေညာခဲ့လို့ အစ္စလာမစ် နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို လိုလားတဲ့ စစ်သွေးကြွတွေ လက်ကနေ မာရာဝီမြို့ လွတ်မြောက်ပြီလို့ သမ္မတ ရိုဒရီဂို ဒူဒါတေက ကြေညာခဲ့ပါတယ်။ သူပုန်ခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ဟာပီလွန် ပုန်းအောင်းရာ နေရာထဲက တခုက ဘာဆတ် မာလွတ်လွတ်ရွာထဲက တိုက်ခန်းတွဲ အဆောက်အဦ တလုံး ဖြစ်ခဲ့တာပါ။ သူ့ကို အစိုးရတပ်တွေက မဖမ်းနိုင်ခဲ့လို့ ငါးလကြာ တိုက်ပွဲ ဖြစ်ခဲ့ရပါတယ်။ တိုက်ပွဲတွေ အတွင်း စစ်သွေးကြွ အယောက် ၉၀၀ ကျော် အပါအဝင် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ မာရာဝီမြို့ ပြန်လည်တည်ဆောက်ရေးအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၉၇၁ သန်း ကုန်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up