ကွန်တိန်နာတင်ကားများ မြို့တွင်း မဝင်အောင် ရန်ကုန်မြစ်အတွင်း သင်္ဘောဆွဲပေးမည်
သူဇာလင်း
·
October 6, 2017
ရန်ကုန်မြို့တွင်းကို ကုန်သေတ္တာ(ကွန်တိန်နာ) သယ်ဆောင်တဲ့ ကားတွေ မဝင်အောင် ရန်ကုန်မြစ်အတွင်းကနေ ကုန်ပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် သဘောင်္တွေ ပြေးဆွဲဖို့ စီစဉ်နေတယ်လို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့Yangon Water Bus ဖွင့်ပွဲမှာ ပြောပါတယ်။
ကုန်သေတ္တာတွေကို သီလဝါဆိပ်ကမ်းကနေ ရန်ကုန်မြို့လယ်ကောင် ဆိပ်ကမ်းတွေကို သယ်ဆောင်နိုင်ဖို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ အထူးစီမံချက်တရပ်အနေနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီလို ဆောင်ရွက်နိုင်ဖို့ ကုန်းတွင်းဆိပ်ကမ်းတွေ ပြင်ဆင်နေပြီး ကုန်ကားတွေအနေနဲ့ ရန်ကုန်မြို့တွင်းကို ဝင်စရာမလိုအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဗိုလ်တထောင်ဘုရားအနီးမှာ ကုန်တိန်နာကားတွေ အများဆုံး သွားလာနေတာက သမိုင်းဝင် အမွေအနှစ် စေတီပုထိုးတွေ ပျက်စီးနိုင်တာကြောင့် အခုလို စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ကုန်ပစ္စည်းတွေကို သင်္ဘောတွေနဲ့ သယ်ဆောင်တာက ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံတဝန်းလုံးကိုလည်း ရေကြောင်းကို အသုံးပြုပြီး သွားလာနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ရန်ကုန်ဝန်ကြီးချုပ်က ပြောပါတယ်။