လက်ပံတောင်းဒေသခံများ ဝမ်ပေါင်ကုမ္ပဏီရှေ့ ကျိန်စာတိုက်ပွဲ ပြုလုပ် (ဓာတ်ပုံ)
Aung Ko Latt
·
October 2, 2017
လက်ပံတောင်းဒေသခံတွေ စုပေါင်းပြီး ပုသိမ်-မုံရွာလမ်းဆုံ ဝမ်ပေါင်ကုမ္ပဏီရှေ့နားမှာ ဒီနေ့ ညနေပိုင်းက ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ကျိန်စာတိုက်လာတဲ့ ဒေသခံတွေက ဆက်ဆံရေးရုံးရှေ့ထိ သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့် လုံခြုံရေးရဲတပ်ဖွဲ့က သံဆူးကြိုးဘာရီဂိတ်တွေချပြီး ပိတ်ဆို့တားဆီးခဲ့တာကြောင့် လမ်းလယ်မှာ ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့တာပါ။
ဒီနေ့ ကျိန်စာတိုက်တာကိုတော့ ခွင့်ပြုချက်ရယူတာ မရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ဒေသခံ ၂၀၀ ကျော်က ငြိမ်းစုစီတင်ပြီး မိုးကြိုးပြင်ရွာထိပ် ကနေ ဝမ်ပေါင်ကုမ္ပဏီဆက်ဆံရေးရုံးရှေ့ထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသေးတယ်။