Home
မြန်မာသတင်း
ချမ်းအေးသာစံမြို့နယ်ဘုရားပွဲတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦးဒဏ်ရာရ
DVB
·
September 29, 2017
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၂၉ × ၂၈လမ်းကြား ပတ်ကုန်းဝန်းကျင်ရပ်ကွက်မှာ ကျင်းပနေတဲ့ ဘုရားပွဲတော်အတွင်း ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးမှ မနေ့ည ၉ နာရီကျော်မှာ  ပေါက်ကွဲမူဖြစ်ပွားပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဗုံးကျွမ်းကျင်သူတွေနဲ့ စစ်ဆေးခဲ့သလို မန္တလေးတိုင်းဒေသကြီး နယ်လုံ ဝန်ကြီးကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ်ရဲစခန်း၊ အမှတ် ၈ ရဲစခန်းနဲ့ တိုင်းရုံးကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ရဲသတင်းတပ်ဖွဲ့တာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စိစစ်နေ ဆဲဖြစ်ပြီး ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ် ၃ နဲ့အမှုဖွင့်ထားတယ်လို့ ဒီဗွီကို ပြောပါတယ်။ ဓာတ်ပုံ-အိမ်ခိုင်မြဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024