Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ပုဂံဘုရားများကို လက်ရှိအစိုးရသက်တမ်းအတွင်း အပြီးပြုပြင်မည်
အောင်ဆန်းဦး
·
September 27, 2017
ပုဂံရှေးဟောင်းယဉ်ကေျးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်သင့် စေတီ၊ ပုထိုးတွေနဲ့ သာသနိက အဆောက်အအုံတွေကို လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက် အပြီးပြုပြင်သွားမယ်လို့ သာသနာရေးဝန်ကြီးက ပြောပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပုဂံဒေသ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းက ဘုရား၊ စေတီ ၃၈၉ ဆူနဲ့ သာသနိကအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီငလျင်ဒဏ်သင့် စေတီ၊ ပုထိုးတွေနဲ့ သာသနိကအဆောက်အအုံတွေကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အီတလီနဲ့ စပိန်နိုင်ငံက ပညာရှင်တွေ အကူအညီနဲ့ ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်းအပြီး လုပ်ဆောင်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ “ပုဂံမှာရှိတဲ့ သာသနိက အဆောက်အအုံတွေ အားလုံးကို ၂၀၂၀ မတိုင်ခင်မှာ အားလုံး ပြင်ဆင်လို့ပြီးမယ်လို့ ပြောနိုင်ပါတယ်။ အလယ်အလတ်လောက် ပျက်စီးတဲ့ စေတီတွေကိုတော့ ၅၀ ရာခိုင်နှုန်းလောက် ပြင်ပြီးပါပြီ။ အကြီးစားပျက်စီးမှု စေတီတွေ၊ ထုထည် ဉာဏ်တော် ကြီးမားတဲ့၊ သမိုင်းတန်ဖိုး ကြီးမားတဲ့ စေတီပုထိုးကြီးတွေကတော့ အကြီးစားပြင်တာ ရှိပါတယ်။ အဲဒါကတော့ ဘယ်လောက်ပြီးလဲဆိုတာ ရာနှုန်းပြောဖို့ ခက်ပါသေးတယ်။” ငလျင်ဒဏ်ကြောင့် အသေးအဖွဲ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စေတီပေါင်း ၂၂၀ ကျော် ကိုတော့ ၁၀၀ ရာခိုင်နှုန်း ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။ အပြင်ပိုင်း ထိခိုက်မှုမရှိဘဲ၊ အတွင်းကျေဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကြီးမားပြီး လူသိများ ထင်ရှားတဲ့ သဗ္ဗေညုစေတီတော်ကိုတော့ တရုတ်နိုင်ငံက ဗိသုကာပညာရှင်တွေရဲ့ အကူအညီနဲ့ စစ်ဆေးဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024