ငဝန်မြစ်ရေကြီးနေ  မြစ်ကမ်းအနီး နေသူများ သတိပြုရန် တိုက်တွန်း

ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ပေဝက်လောက်  ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေတယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။ မြစ်ရေဟာ  နောက် ၄ ရက်တာ ကာလအတွင်း ယင်းမြို့ရဲ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ငါးသိုင်းချောင်းမြို့အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြပါလို့   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။ ဓာတ်ပုံ-မိုးဇလ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up