စစ်သွေးကြွှအုပ်စုနှင့် ပတ်သက်သည့် သံသယဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၇ ဦးကို မလေးရှားဖမ်းဆီး

ဓာတ်ပုံ - Malaysia Police
မလေးရှားအစိုးရဟာ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသား ၇ ဦးကို အဘူဆေးယပ် စစ်သွေးကြွအုပ်စုရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းခဲ့တယ်လို့ မလေးရှားရဲတွေက စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အရှေ့တောင်အာရှဒေသအတွင်း အစ္စလာမ္မစ်စစ်သွေးကြွ လှုပ်ရှားမှု တိုးလာတာတွေကြောင့် စိုးရိမ်မှုတွေလည်း တိုးနေပါတယ်။ "အဘူဆေးယပ် စစ်သွေးကြွအုပ်စုဟာ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ ပြန်ပေးဆွဲတာ၊ ဗုံးခွဲတာ၊ ခေါင်းဖြတ်တာနဲ့ ခြိမ်းခြောက် ငွေညှစ်တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ဒီလူတွေဟာ မလေးရှားမြို့တော် ကွာလာလမ်ပူနဲ့ အနားက ဆီလန်ဂေါပြည်နယ်တို့က ပုဂ္ဂလိက ကုမ္ပဏီတွေမှာ လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်တယ်" လို့ ရဲအုပ် မိုဟာမဒ် ဖူဇီဟာရွန်က ပြောပါတယ်။ အရင်လက ကွာလာလမ်ပူမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပွဲ ပိတ်ပွဲကို တိုက်ခိုက်ဖို့ အစီအစဉ်ကို အာဏာပိုင်တွေက ဟန့်တားအပြီး ရတဲ့ သတင်းအချက်အလက်တွေအရ ဒီလူတွေကို ဖမ်းခဲ့တာလို့ မလေးရှားရဲက ပြောပါတယ်။ အစွန်းရောက်အဖွဲ့ အဘူဆေးယပ်ဟာ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ကို သိမ်းပိုက်ရာမှာ ကူညီခဲ့သူတွေပါ။ မာရာဝီတိုက်ပွဲကြောင့် စစ်သွေးကြွ အယောက် ၆၇၀ နဲ့ စစ်သား ၁၄၉ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up