ဖလမ်းခရိုင်တွင် ရေကြီးမှုကြောင့် လူနေအိမ်များပြောင်းရွေ့ရ
DVB
·
September 20, 2017
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ခိုင်ကမ်းမြို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ဆည်ကြီးချောင်းရေကြီးပြီး လူနေအိမ်တချို့ရွှေ့ပြောင်းခဲ့ရပါတယ်။
ခိုင်ကမ်းမြို့၊ အမှတ်(၃)ရပ်ကွက် ချောင်းဘေးလူနေအိမ် အလုံး ၂၀ ရေတိုက်စား ပြိုကျနိုင်တဲ့အန္တရာယ်ရှိနေလို့ စိုးရိမ်ရတဲ့ လူနေအိမ် ၇ လုံးကိုဖျက်ပြီး မိသားစုဝင်တွေကို နီးစပ်ရာ ဆွေမျိုးနေအိမ်သို့ တာဝန်ရှိသူတွေ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ခရိုင်ပြန်ဆက်ရုံးက သတင်းထုတ်ပါတယ်။
နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတဲ့ မိသားစုဝင်တွေကို ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြည်နယ်အစိုးရဖွဲ့ကိုယ်စား ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ-ခရိုင်ပြန်ဆက်