Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် တရားမဝင် ကျွန်းသစ်တင်လာသည့် ယာဉ်တစီး ဖမ်းမိ
DVB
·
September 18, 2017
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဖြူးတိုးဂိတ် အနီးမှာ ဒီနေ့မနက် ၃ နာရီလောက်က တရားမဝင်ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်တစီး ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။ ဖြစ်စဉ်မှာ သတင်းအရ အမြန်လမ်း မိုင်တိုင်အမှတ်၁၁၅/၄ ဖြူးမြို့မင်းကံရိုးအုပ်စု ဒိုင်းတရာကျေးရွာအနီးမှာ ကျော်စွာဝင်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁၁ ချောင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သစ်တောဌာနက ပြောပါတယ်။ “ဖမ်းမိတာ ဟုတ်ပါတယ်။ သစ်က ၄ တန်လောက်တော့ရှိမယ်၊ ၆ဘီးကားနဲ့ တင်လာတာပါ။ သတင်းရလို့ ကြိုပြီးဆောင့်နေတာပါ၊ ယာဉ်မောင်းကိုပါ မိပါတယ်” လို့ သစ်တော့ဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်မောင်း ကျော်စွာဝင်းကို သစ်တောဥပဒေ ပုဒ်မ-၄၃ (က) နဲ့ အမှုဖွင့် အရေးယူထားပြီး ကျွန်းသစ်ခွဲသားတွေနဲ့ ယာဉ်ကို ဖြူးမြို့နယ်သစ်တောဦးဌာနရုံးက သမ်းဆည်းထားတယ်လို့ သိရပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ မကြာခဏဆိုသလို တရားမဝင်သစ်တွေ တင်ဆောင်တဲ့ ယာဉ်တွေ တိမ်းမှောက်မှုဖြစ်မှသာ ဖမ်းဆီးရမိတဲ့အတွက် သစ်တောဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024