Home
မြန်မာသတင်း
ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂတွင် မိန့်ခွန်းပြောရန် နယူးယောက်မြို့သို့ ရောက်ရှိ
DVB
·
September 18, 2017
မြန်မာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ  ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့   အမေရိကန်ပြည်ထောင်စု  နယူးယောက်မြို့မှာ ရောက်ရှိနေပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကတဆင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ဂျွန်အက်ဖ်ကနေဒီလေဆိပ်ကို စက်တင်ဘာ ၁၇ ရက်နေ့က ရောက်ရှိသွားတာဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနဲ့ တာဝန်ရှိသူတွေ ကြိုဆိုခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး ဒုသမ္မတနဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂိုလ် ဦးသောင်းထွန်းနဲ့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်တို့လည်း လိုက်ပါသွားပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေနဲ့ မြန်မာနိုင်ငံ ခေါင်းဆောင်တဦးအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024