Home
မြန်မာသတင်း
မိန်းမသေဆုံးပြီး ရက်လည်သည့်နေ့ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး
DVB
·
September 18, 2017
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပြည်ကျေးရွာအပြင်ဘက်ရှိ လယ်ကွင်းပြင်မှာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲ ၀န်းကျင်က အမျိုးသားတဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကျိုက်မရောမြို့နယ်၊ မြို့မ ရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ကျိုက်မရောမြို့နယ်၊ ကော့ပြည်ကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ဦးကျော်နိုင်ဟာ ကော့ပြင်ကျေးရွာ အပြင်ဘက် လယ်ကွင်းပြင်ရှိ ပျဉ်းမပင်တပင်နားမှာ စောင်ကိုပတ်ကာ မိမိကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးခဲ့တာ ဖြစ်ပါတယ်။ သတင်းအရ ရဲအုပ်ခင်မောင်ထွေးနှင့် တာဝန်ရှိ ရဲအရာရှိတွေက သွားရောက်စစ်ဆေးခဲ့ပြီး အလောင်းကို မွန်မြတ်သောနှလုံးသားပိုင်ရှင်များ ပရဟိတ အဖွဲ့က ကျိုက်မရောဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတ အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကျော်လွင်က ပြောပါတယ်။ “သူက အဲဒီပျဉ်းမပင်နားမှာ စောင်စလိုလို၊ အ၀တ်စလိုလို မျက်နှာကို ချိတ်ပြီးတော့ ဆွဲကြိုးချသေတဲ့ပုံစံမျိုးပါ။ သူ့အမျိုးသမီး သေဆုံးသွားတာ ရက်လည်တဲ့နေ့ မနက်မှာပဲ ဆွဲကြိုးချသေဆုံးတယ်လို့ သူ့မိသားစုကပြောတယ်။” သေဆုံးသူမှာ အသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံးခြင်းဖြစ်ပြီး ထူးခြားတဲ့ ဒဏ်ရာဒဏ်ချက်များမတွေ့ရကြောင်း၊ သေဆုံးသူမှာ အသက် ၁၆ နှစ်အရွယ် သမီးတယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်ငွေက “ကြိုးဆွဲချသေဆုံးတာတော့ ဟုတ်တယ်၊ အခုလောလောဆယ်တော့ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။ ကျိုက်မရောမြို့မရဲစခန်းက ယင်းဖြစ်စဉ်အတွက် သေမှု၊သေခင်းဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းအတိုင်း အရေးယူဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း-အာကာမင်း ဓာတ်ပုံ-မွန်မြတ်သောနှလုံးသားပိုင်ရှင်များ ပရဟိတအဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024