ရုရှား-ဘဲလာရုဇ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုရုပ်သံ ရုရှားဖြန့်ချိ

ရုရှား-ဘဲလာရုဇ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုရုပ်သံ ရ... by dvburma ဇာပဒ် ၂၀၁၇ လို့ နာမည်ပေးထားတဲ့ ရုရှား-ဘဲလာရုဇ် ပူးတွဲ အကြီးစား စစ်ရေးလေ့ကျင့်မှု အတွင်း ရိုက်ကူးထားတဲ့ ရုပ်သံ အတော်များများကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖြန့်ချိလိုက်ပါတယ်။ ဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာပေါ် စက်တင်ဘာ ၁၅ ရက်နေ့က ဖြန့်ချိထားတဲ့ ရုပ်သံတွေထဲမှာ စစ်သားတွေက အမြောက်တွေ ပစ်ခတ်နေပုံ၊ တင့်ကားတွေ မောင်းနေပုံနဲ့ ပစ်မှတ်တွေကို ပစ်ခတ်နေပုံတွေ ပြထားပါတယ်။ စက်တင်ဘာ ၁၄ ကနေ ၂၀ ကြားမှာ ဇာပဒ်စစ်ရေး လေ့ကျင့်မှုတွေကို လေ့ကျင့်မှာပါ။ ဘဲလာရုစ် ရုရှား အနောက်ပိုင်း ရုရှားပိုင်နက် ကလီနင်ဂရဒ်နဲ့ ဘောလ်တစ် ပင်လယ်ထဲမှာ လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ ဒီစစ်ရေး လေ့ကျင့်မှုကို နေတိုးအဖွဲ့က အနီးကပ် စောင့်ကြည့်နေပါတယ်။ ရုရှားအစိုးရက လူသိရှင်ကြား အသိပေးထားတဲ့ စစ်သည် အင်အားထက် အယောက် ၁၂၇၀၀ ပိုများနေတယ်။ တကယ်တမ်းက စစ်သည်အင်အား တသိန်းပါဝင်ပြီး နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုတွေလည်း ပါတယ်လို့ နေတိုးက ပြောပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီလေ့ကျင့်မှုဟာ ကာကွယ်ရေး သဘာဝအတွက် သက်သက်သာဖြစ်ပြီး ဘယ်နိုင်ငံ ဘယ်အုပ်စုကိုမှ ခြိမ်းခြောက်ဖို့ မရည်ရွယ်ဘူးလို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up