တောင်အာဖရိက ကဖေးဆိုင်တခုတွင် စားသုံးသူတဦးကို သေနတ်သမားက ပစ်သတ် (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ ကဖေးဆိုင်တဆိုင်တွင်းမှာ စက်တင်ဘာ ၁၁ ရက်နေ့က စားသုံးသူတဦးကို သေနတ်သမားတဦးက ဝင်ရောက်ပစ်သတ်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ သေနတ်သမားဟာ ဘေ့စ်ဘောဦးထုပ်တလုံးကို ဆောင်းကာ နေကာမျက်မှန်တပ်၊ ကြိုးသိုင်းခြေညှပ်ဖိနပ်စီးပြီး ဆိုင်အတွင်း ဝင်ရောက်လာချိန်မှာ စားသောက်ခန်း လျှောက်လမ်းတံခါးအနီးမှာ မတ်တပ်ရပ်နေခဲ့တဲ့ မိန်းကလေးငယ်တဦးကို လမ်းကြောင်းပေါ်မှ ဖယ်ခိုင်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် သူဟာ ဘောင်းဘီတိုအတွင်းက သေနတ်ကိုထုတ်လိုက်ပြီး ဦးတည်ထားတဲ့ စားသုံးနေသူကို ပစ်ခတ်ခဲ့ပြီး ပြန်ထွက်သွားခဲ့တာပါ။ သူပြန်ထွက်သွားချိန်မှာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ထိတ်လန့်နေတဲ့ စားပွဲထိုး အမျိုးသမီးတဦးကို တွေ့လိုက်ရပါတယ်။ အချိန် ၁၀ စက္ကန့်လောက်ပဲကြာတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ မျက်မြင်တဦးက “သူဟာ ဝင်လာချိန်မှာ လက်ကတုန်နေတော့ ဒါဟာ သူ့ရဲ့ အတွေ့အကြုံသစ်ဖြစ်မယ်” လို့ ရေးခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up