Home
မြန်မာသတင်း
ပုသိမ်သူ ရှပ်​ပြေး​ယာဉ်​မှောက်မှု ၄ ဦး​သေဆုံး
ပီတာအောင်
·
March 21, 2012
ဧရာဝတီတိုင်း​ ပုသိမ်- ငပု​တော- သရက်​တော ခရီး​စဉ်ကို ​ပြေး​ဆွဲ​နေတဲ့​ ပုသိမ်သူ သ​င်္ဘော (ရှပ်​ပြေး​-၁၁) ​ရေယာဉ်ယာဉ် တိမ်း​မှောက်မှုမှာ အမျိုး​သမီး​ ၄ ဦး​ ​သေဆုံး​သွား​တယ်လို့​ ငပု​တော​ဆေး​ရုံက ဒီဗွီဘီကို အတည်ပြု​ပြောပါတယ်။ ငပု​တော ​ဆေး​ရုံ တာဝန်ရှိသူတဦး​က ‘​လော​လောဆယ်က​တော့​ အရှင်​တွေ့​တာ ၆၅ ဦး​ပါ။ ​သေတာက​တော့​ ၄ ​ယောက်။ အမျိုး​သမီး​ ၄ ​ယောက်ပါ။ ပထမ ​သေတာ ၂ ​ယောက် ၊​ ​နောက် အ​လောင်း​တွေ့​တာ ၂ ​ယောက်ပါ။ ကမ်း​နား​တင်ပဲ အသက်ကယ်ဖို့​ကြိုး​စား​တာ ဒါ​ပေမယ့်​ ပြန်ရှင်မလာ​တော့​ဘူး​’ လို့​ ​ပြောပါတယ်။ ​ပျောက်ဆုံး​နေသူ​တွေကို ရှာ​ဖွေ​နေဆဲဖြစ်ပြီး​ သ​င်္ဘောမှာ လူအ​ရေအတွက် ဘယ်​လောက်ပါလဲဆိုတာ အတိအကျမသိရလို့​ ခန့်​မှန်း​လို့​ မရဘူး​လို့​ ​ဆေး​ရုံက ​ပြောပါတယ်။ ပုသိမ်သူရှပ်​ပြေး​ယာဉ်ဟာ ငပု​တော တဖက်ကမ်း​ ကန်ဆိပ်ရွာမှာအနီး​မှာ မ​နေ့​ မွန်း​လွဲပိုင်း​ ၃ နာရီ ​လောက်က မ​တော်တဆ တိမ်း​မှောက် နစ်မြုပ်ခဲ့​ပါတယ်။ သ​င်္ဘော​ပေါ်မှာ ခရီး​သွား​ ၁၀၀ ဝန်း​ကျင်​လောက် ပါလာပြီး​ ဝန်ပို​တွေ​ကြောင့်​ မထိန်း​နိုင်ဘဲ ​ရေယာဉ် တိမ်း​မှောက်ရတာလို့​ တချို့​ဒေသခံ​တွေက ​ပြောပါတယ်။ ​ရေယာဉ်တိမ်း​မှောက်ချိန်မှာ ရာသီဥတု​ကောင်း​ မွန်ပြီး​ ကမ်း​ကိုကပ်ဖို့​အ​ကွေ့​မှာ တိမ်း​မှောက်တာလို့​လည်း​ ဆိုပါတယ်။ ပုသိမ်သူ ၁၁ ရှပ်​ပြေး​ အမြန်​ရေယာဉ်ဟာ တရုတ်နိုင်ငံထုတ် YANGDONG 70 BHP အင်ဂျင်ကို ​လောင်စာဆီ ကုန်ကျသက်သာ​အောင် စပါး​ခွံဓာတ်​ငွေ့​နဲ့​ စမ်း​သပ်​မောင်း​နှင်​ပြေး​ဆွဲ​နေတဲ့​ ​ရေယာဉ်ဖြစ်ပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ်၊​ စက်တင်ဘာလကမှ ပုသိမ်-ငပု​တော-သရက်​တော ခရီး​စဉ် စတင်​ပြေး​ဆွဲတာလို့​သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024