Homeသတင်းဓာတ်ပုံ
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ်လှူဒါန်း (သတင်းဓာတ်ပုံ)
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ်လှူဒါန်း (သတင်းဓာတ်ပုံ)
DVB
·
September 12, 2017
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ် လှူဒါန်းတဲ့ အခမ်းအနားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဗဟို အမျိုးသမီးအဖွဲ့နဲ့ ပါတီဝင်တွေ စုပေါင်းပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပါတယ်။
ဦးအောင်ရွှေဟာ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းကတည်းက ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ပါဝင်ခဲ့သူဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေက ရွေးကောက်ခံ အမတ်လည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ်ဘဝမှာ ပါတီဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပါတယ်။
သူဟာ ဗမာ့တပ်မတော်မှာ ၁၉၄၅ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့သူဖြစ်သလို ၁၉၆၁မှာ ဗိုလ်မှူးချုပ်အဆင့်နဲ့ တပ်ကနေ အနားယူခဲ့ပါတယ်။ ဦးအောင်ရွှေ ကွယ်လွန်ချိန်မှာ အသက် ၁၀၁နှစ်ရှိပြီဖြစ်ပြီး သား ၃ ဦးနဲ့ သမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။