Live
Home
မြန်မာသတင်း
မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း ရေနစ်သေဆုံးသူ အမျိုးသမီးငယ် ၁ ဦးအလောင်းတွေ့
DVB
·
September 5, 2017
မုံရွာမြို့ ထန်းတောရပ်ကွက် ညောင်ကိုင်းအင်းမှာ ရေနစ်သေဆုံးနေသူ အမျိုးသမီးငယ် ၁ ဦးအလောင်းကို စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီလောက်က တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ မုံရွာမြို့ ချမ်းမဝတီရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ်ရှိ မဖြူဖွေးဆိုသူဖြစ်ပြီး သူငယ်ချင်းမိန်းကလေး ၁ ဦးနဲ့အတူ ရေကစားရာမှ ဘက်ဟိုးကုတ်ထားတဲ့ ချိုင့်အတွင်းကျရောက်ကာ ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။ "အလောင်းက တခြားပြင်ပ ဒဏ်ရာတော့ မတွေ့ရပါဘူး။ ရေနစ်သေဆုံးတဲ့ လဏ္ခာပဲရှိပါတယ်။ ဆက်လက်စစ်ဆေးနေပါတယ်"လို့ မုံရွာမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။ ရေနစ်သေဆုံးတဲ့နေရာဟာ ညောင်ကိုင်အင်း သာယာဖွံ့ဖြိုးရေးအတွက် အင်းပြန်လည်ဆယ်ယူ ထားတဲ့ ဘက်ဟိုးကုတ်ထားတဲ့ ချိုင့်နေရာ ဖြစ်ပါတယ်။ အခုလို ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်နေစိုးက တရားလိုပြုလုပ်ကာ သေမှုသေဆုံးဖွင့်လစ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလဲ အဆိုပါ ညောင်ကိုင်းအင်းအတွင်းမှာပဲ အမျိုးသားလူငယ် ၁ ဦး ယခုလို ရေနစ်သေဆုံးခဲ့ပါသေးတယ်။ သတင်း - ရန်နိုင်စိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024