Home
မြန်မာသတင်း
ဒဂုံ ဝန်ထမ်း​မြေကွက်များ​ဖယ်ရှား​ခိုင်း​မှု လွှတ်​တော် ပြန်သုံး​သပ်
ရွှေအောင်
·
March 16, 2012
ဒဂုံမြို့​သစ် အ​ရှေ့​ပိုင်း​က ဝန်ထမ်း​တွေအတွက် ​နေရာချထား​ပေး​တဲ့​ အိမ်ယာ​တွေ ဖယ်ရှား​ခိုင်း​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌက ပြန်လည်သုံး​သပ် ​ဆောင်ရွက်​တော့​မယ်လို့​သိရပါတယ်။ ဝန်ထမ်း​တွေကို ချ​ပေး​ထား​တဲ့​ ​မြေကွက်​ပေါင်း​ (၈) ​ထောင်​ကျော်ကို အိုး​အိမ်ဦး​စီး​ဌာနက ဒီလကုန်အပြီး​ ဖယ်ရှား​ခိုင်း​နေတဲ့​အ​ကြောင်း​ မတ်လ ၁၅ ရက်က ကျင်း​ပတဲ့​လွှတ်​တော်မှာ အမျိုး​သား​ဒီမိုက​ရေစီအင် အား​စုပါတီက အလုံမြို့​နယ် ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ် ဦး​ခိုင်​မောင်ရီက ​မေး​ခွန်း​ ထုတ်ခဲ့​ပါတယ်။ အဲဒီ​မေး​ခွန်း​ကို သက်ဆိုင်ရာဝန်ကြီး​က ပြန်လည် ​ဖြေကြား​ပြီး​တဲ့​နောက် လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ ​ရွှေမန်း​က ​မြေကွက်​တွေ ဖယ်ရှား​ပေး​ရမယ့်​ကိစ္စနဲ့​ ပတ်သက်ပြီး​ ​မြေကွက်ပိုင်ရှင်​တွေ နစ်နာ​နေတာကို သက်​သေ အ​ထောက်အထား​တွေနဲ့​ သူ့​ထံအမြန်တင်ဖို့​ ​ပြောကြား​ခဲ့​ပါတယ်။ ဦး​ခိုင်​မောင်ရီက “လွှတ်​တော်ဥက္ကဋ္ဌရဲ့​ ​ဆောင်ရွက်ချက်က ပြည်သူ​တွေ မဖြစ်သင့်​ မဖြစ်ထိုက် တာ​တွေကို မဖြစ်​အောင်၊​ ပြည်သူလူထု မနစ်နာ​အောင် ကာကွယ်သွား​မယ်လို့​ ကျ​နော်က ယုံကြည်ပါတယ်။ လွှတ်​တော်ဥက္ကဋ္ဌက သူဆက်လက်​ဆောင်ရွက်ရန် ကျ​နော်ကို လုပ်ခိုင်း​တဲ့​အခါမှာ ကျ​နော်လုပ်ငန်း​ကို ကုန်​အောင် လုပ်ပြီး​သွား​ပြီ ဖြစ်တယ်။ လွှတ်​တော်ဥက္ကဋ္ဌလည်း​ ဒီ​နေ့​ ဆက်လက် ​ဆောင်ရွက်ပြီဆိုတာ သိရတဲ့​ အတွက် အ​ဖြေကို ဒီရက်ပိုင်း​အတွင်း​ ထွက်လာမယ်လို့​ ကျ​နော်က​တော့​ တထစ်ချ ယုံကြည်တယ်။” ဒဂုံမြို့​သစ်အ​ရှေ့​ပိုင်း​က ​ပြောင်း​ရွှေ့​ခံရမယ့်​ ရပ်ကွက်​တွေထဲမှာ ၁၂၁၊​ ၁၂၂၊​ ၁၂၃၊​ ၁၂၆၊​ ၁၂၇၊​ ၁၂၈၊​ ၁၂၉၊​ ၁၅၇၊​ ၁၅၈၊​ ၁၅၉၊​ ၁၆၀ ရပ်ကွက်က လူ​နေအိမ်​မြေကွက်​တွေ ပါဝင်တယ်လို့​ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024