မြန်မာရောက် စင်ကာပူနိုင်ငံသားများကို ခရီးသွားအကြံပေးချက် ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့်  စင်ကာပူနိုင်ငံသားတွေအတွက် ခရီးသွား အကြံပေးချက်တစောင်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ စင်ကာပူနိုင်ငံသားတွေအနေနဲ့ မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို မလိုအပ်ပဲ ခရီးသွားခြင်းမှ ရှောင်ကြဉ်ဖို့နဲ့ ရခိုင်ပြည်နယ်ရဲ့ တခြားနေရာတွေကို ခရီးသွားဖို့ကိုလည်း စဉ်းစားသုံးသပ်သင့်တယ်လို့ ဆိုထားပါတယ်။ ရခိုင်ပြည်နယ်က အပန်းဖြေ ခရီးသွားနေရာတွေဖြစ်တဲ့ ငပလီကမ်းခြေနဲ့  မြောက်ဦး သမိုင်းဝင်နေရာတွေမှာတော့ ထိခိုက်မှု မရှိပေမယ့်လည်း လုံခြုံရေးအခြေအနေတွေက လျင်လျင်မြန်မြန် ဆိုးရွားလာနိုင်တာကြောင့် အထူးသတိထားကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားနေတဲ့သူတွေ၊ ရခိုင်ပြည်မှာ လတ်တလောရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ ဒေသဆိုင်ရာသတင်းတွေကို အနီးကပ် စောင့်ကြည့်လေ့လာဖို့နဲ့ ဒေသအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို ဂရုစိုက်သတိပြုကြဖို့တွေ အပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် ကြိုတင်ကာကွယ်မှုတွေ မဖြစ်မနေ လုပ်ဆောင်ထားကြဖို့လည်း အကြံပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up