အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး ကျန်းမာရေးကောင်းလာ၍ ဆေးရုံမှ ဆင်းပြီ
DVB
·
August 31, 2017
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံကနေ ဒီနေ့ ဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က နေအိမ် ရေချိုးခန်းမှာ ချော်လဲ ထိခိုက်ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေခဲ့တာပါ။
ဦးတင်ဦး အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ တနိုင်ငံလုံးက သူ့ကိုချစ်တဲ့ ပြည်သူတွေက ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
Photo : Myo Myint