Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
DVB
·
August 30, 2017
ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ သြဂုတ်လ ၃၀ နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ တနေ့လုံး ပြုလုပ်သွားမယ့် ဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ပ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ သက်မှတ်ချက်ဆိုင်ရာ သဘောထားများ စုစည်းခြင်း။ တကသ အဆောက်အဦရဲ့ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများ စုစည်းခြင်းနဲ့ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေနဲ့ တကသ အဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်း ဆိုတဲ့ အစီစဉ် သုံးခုကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသ အဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဖိတ်ကြားရေးအဖွဲ့က ပြောပါတယ်။ ဆွေးနွေးပွဲကို ခေတ်အဆက်ဆက်က မျိုးဆက်ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ဦးရန်အောင်၊ ဦးသန်းနိုင်ဦးနဲ့ ဦးနေဘုန်းလတ်တို့ တက်ရောက်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024