Home
မြန်မာသတင်း
ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ပူးပေါင်း ပညာပေးဆောင်ရွက်
DVB
·
August 29, 2017
ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ အမှတ် ၁၀၇ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းသားများအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းတွေကို သြဂုတ်လ ၂၈ ရက်နေ့ကေလေးတက္ကသိုလ် အဝင် မုခ်ဦးမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ သရုပ်ဖော်ပြသမှုတွေကို ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသားထုကြီးအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားလည်ကာ ကလေးတက္ကသိုလ်ကျောင်း ပရဝဏ်အတွင်းမှာ လည်းကောင်း၊ ပြင်ပနေရာများမှာ လည်းကောင်း ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့အတွက် ခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရပါတယ်။ အခုလို ယာဉ်လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ကျောင်းသားတွေအနေနဲ့ ပထမဆုံး ပြုလုပ်တာ ဖြစ်ပေမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ကတော့ ကျောင်းတွေမှာ မကြာခဏ ပညာပေးဟောပြောပွဲတွေ လုပ်ဆောင်နေပြီး အခု ပူးပေါင်းပြုလုပ်တဲ့ ပွဲမှာလည်း ပညာပေးလက်ကမ်းစာစောင် ၂၅၀၀ အစောင် ဝေငှခဲ့တယ်လို့ အမှတ် ၁၀၇ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်မောင်မြင့်က ပြောပါတယ်။ ကလေးခရိုင်အတွင်းက ကလေးမြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့တွေထဲမှာ ကလေးမြို့ဟာ ယာဉ်အသုံးပြု လူဦးရေ များပြားနေပြီး ယာဉ်မတော်တဆဖြစ်မှုတွေကလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကလေးခရိုင်အနေနဲ့ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၂၀ မှု ရှိနေကြောင်းလည်း ယာဉ်ထိန်းတပ်ဖွဲ့က သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024