ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ၊ မိုးနှောင်းကာလ မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
August 28, 2017
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလ ဌာနက ခန့်မှန်းပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေ တယ်လို့လည်း မိုးဇလဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် လာမယ့် စက်တင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်းမှာ ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။
လာမယ့် မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ-မိုးဇလ