Home
မြန်မာသတင်း
အဖျောက်တွင် မြစ်ရေမြင့်တတ်မှုကြောင့် စာသင်ကျောင်း ၄ ကျောင်းပိတ်
DVB
·
August 28, 2017
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် စာသင်ကျောင်းလေးကျောင်းပိတ်ထားရကြောင်း အဖျောက်မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် သြဂုတ် ၂၅ ရက်က အလယ်ကင်းကျေးရွာအုပ်စု အလယ်ကင်းမူလွန်စာသင်ကျောင်းတကျောင်း ကျောင်းသားဦးရေ ၂၁၀ ဦး၊ (အမက)သဲရိုး စာသင်ကျောင်း ကျောင်းသားဦးရေး ၃၁ ဦး၊ သြဂုတ် ၂၆ နေ့က ရေပေါ်သောင်ကျေးရွာအုပ်စု (အလက) ကျောင်းသားဦးရေ ၁၃၆ ဦး၊ သြဂုတ် ၂၈ ရက်နေ့က ဘိန္ဓောကျေးရွာအုပ်စု အလက(ခွဲ)မှ ကျောင်းသားဦးရေး ၁၃၈ ဦးတို့ တတ်ရောက်နေသော စာသင်ကျောင်း ၄ ကျောင်းတို့အား ပိတ်ထားရကြောင်း တိုက်ကြီးမြို့နယ် ပညာရေးဦးစီးဌာနရုံးမှ ဒုတိယ ပညာရေးမှူး ဦးမောင်မောင်လတ်က ပြောပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် သြဂုတ် ၂၅ နေ့မှစတင်၍ မြင့်ရေ မြင့်တတ်လာပြီး စိုးရိမ်းရေအမှတ် ၃၆ ကို ရောက်ရှိနေပါတယ်။ အဖျောက်မြို့ စိုးရိမ်ရေမှတ် ၃၆ သတ်မှတ်ထားပြီး အန္တရယ်ရေမှတ် ၃၈ ဖြစ်ကြောင်း အဖျောက်မြို့ ဒေသခံတွေဆီက သိရပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ တတိယပတ်က စတင်ပြီး ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် အဖျာက်မြို့ စာသင်ကျောင်း ၃၃ ကျောင်းရှိတဲ့အနက် ၂၁ ကျောင်းပိတ်ထားခဲ့ဖူးကြောင်း တိုက်ကြီးမြို့နယ် ပညာရေမှူးရုံးက ပြောပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024