ငယ်စဉ်ကစောင့်ရှောက်ခဲ့သူကို ၇ နှစ်ကြာမှ ပြန်တွေ့စဉ် ခြင်္သေ့ ၂ ကောင်၏ အံ့ဖွယ်တုံ့ပြန်မှု

ခြင်္သေ့ပေါက်ကလေးတွေ ငယ်စဉ်က ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ အမျိုးသမီးကို ၇ နှစ်ကြာပြီးမှ ပထမဆုံး ပြန်လည်တွေ့ဆုံစဉ် ခြင်္သေ့တွေရဲ့ ထူးခြားအံ့သြဖွယ် တုံ့ပြန်မှုပြုတဲ့ ရုပ်သံထွက်ပေါ်နေပါတယ်။ ရုပ်သံထဲမှာ ခြင်္သေ့ ၂ ကောင်က ငယ်စဉ်က သူတို့ကို စောင့်ရှောက်ကူညီခဲ့တဲ့ အမျိုးသမီးကို မြင်တဲ့အခါ အမျိုးသမီးရှိရာ ဂိတ်တံခါးဝဆီ ၂ ကောင်စလုံး ပြေးလာကြတာကို တွေ့ရပါတယ်။ ခြင်္သေ့တွေ အမျိုးသမီးအပေါ် ခုန်တက်နေတာနဲ့ သူတို့ရဲ့ နောက်ခြေထောက်တွေပေါ် မတ်တပ်ရပ်ပြီး အမျိုးသမီးကို ဖက်ထားဖို့ အမျိုးသမီးရဲ့ လည်ပင်နား သူတို့ရဲ့ရှေ့ခြေထောက်တွေနဲ့ ဖက်နေတာလည်း ရုပ်သံထဲမှာ စိတ်လှုပ်ရှားဖွယ်  မြင်ရပါတယ်။ ခြင်္သေ့ကြီးတွေက အိမ်မွေးတိရစ္ဆာန်လေးတွေလို အမျိုးသမီးကို ပွတ်သတ်နေပြီး မျက်နှာကိုလည်း သူတို့လျှာတွေနဲ့ လျက်နေလို့ အမျိုးသမီးကလည်း သူတို့ကို ပြန်လည်ပွေ့ဖက်ထားပါတယ်။ ဆွဇ်ဇာလန်နိုင်ငံက ဒီအမျိုးသမီးကို ခြင်္သေ့ပေါက်လေး ၂ ကောင်ကို စောင့်ရှောက်ဖို့ သူတို့ကြီးပြင်းလာချိန်မှာ တိရစ္ဆာန်ရုံကို လွဲပြောင်းပေးလိုက်တာလို့ သိရပါတယ်။ အမျိုးသမီး ခြင်္သေ့တွေဆီ လည်ပတ်တာက ပထမဦးဆုံးဖြစ်တယ်လို့ ယူဆရကြောင်း မေရာသတင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံ အနောက်တောင်ဘက် ဆာရာတို့ဗ်မြို့မှာ ဒီနှစ် ဧပြီလတုန်းက ဒင်နေးလ်ဆိုတဲ့ ဆယ်ကျော်သက်တဦးကို ဦးလေးဖြစ်သူက မွေးထားတဲ့ အိမ်မွေးခြင်္သေ့ ကိုက်ခံရပြီး ဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။ ကလေးအိမ်ပြန်လာစဉ် မာယာဆိုတဲ့ ခြင်္သေ့မက အိမ်အပြင်ရောက်နေပြီး သူ့ဆီခုန်အုပ်တိုက်ခိုက်လို့ ကလေးလည်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတာပါ။ ခြင်္သေ့မက ကလေးကို အလွယ်တကူ ဖမ်းဆီးဆွဲချနိုင်ခဲ့ပါတယ်။ ဦးလေးဖြစ်သူက ခြင်္သေ့မက ချစ်ချစ်ခင်ခင်နဲ့ ကစားတာပါလို့ ကာကွယ်ပြောဆိုပေမယ့် ကလေးကတော့ ညာဘက်လက် တင်ပါးနဲ့ တင်ပါးဆုံနေရာတွေမှာ ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up