Home
မြန်မာသတင်း
မြန်မာအမျိုးသားလေကြောင်း တရုတ်နိုင်ငံ ချန်ဒူးကို တိုးချဲ့ပျံသန်းမည်
DVB
·
August 19, 2017
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ တရုတ်နိုင်ငံ ချန်ဒူးကို တိုးချဲ့ပျံသန်းပြေးဆွဲမယ်လို့ လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ်ကို ကိုးကားပြီး သြဂုတ် ၁၈ ရက်နေ့ ဆင်ဟွာသတင်းမှာ ထုတ်ပြန်ပါတယ်။ ပြည်တွင်းခရီးစဉ် ၂၆ ခုနဲ့ စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဂါယာ အပါအဝင် နိုင်ငံတကာလေကြောင်းခရီးစဉ်တွေအပြင် ဒီလေကြောင်းခရီးစဉ်ကို အစပျိုး ပြေးဆွဲတော့မယ်လို့ MNA အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက ပြောပါတယ်။ MNA လေကြောင်းဟာ ၂၀၁၅ သြဂုတ်မှာ စင်ကာပူနိုင်ငံကို ဘိုးအင်း 737-800  လေယာဉ်နဲ့ ပထမဆုံး ပြည်ပခရီးစဉ် ပျံသန်းပြေးဆွဲခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ ဟောင်ကောင်ကို ဒုတိယလေကြောင်းခရီးစဉ်၊ နောက် ၂၀၁၆ ဖေဖော်ဝါရီိမှာ ဘန်ကောက်ကို ပြေးဆွဲခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024