Home
မြန်မာသတင်း
လုယက် လူသတ်မှုများဖြင့် ထွက်ပြေးနေသည့် ဝရမ်းပြေး ဝက်ကလေးကို ဖမ်းမိ
မင်းညို
·
August 14, 2017
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မြို့လယ်ကောင် ဓားထောက် လုယက်မှု၊ လူသတ်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝရမ်းပြေး ဝက်ကလေး ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ပဲခူးတိုင်း၊ ပြည်မြို့ မြို့လယ်ကောင် တရုတ်တန်းလမ်းက ဒေါင်းမင်းအင်တာနက်ဆိုင် ဖွင့်ထားတဲ့အိမ်ကို ဓားထောက်လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြည်မြို့ နဝဒေးရပ်ကွက် Royal Star စင်တင်စားသောက်ဆိုင်မှာလည်း လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဝက်ကလေး (ခေါ်) ကိုကိုထွန်းအား အဲဒီကိစ္စ ၂ ခုလုံးကို ကျူးလွန်သူလို့ ရဲတပ်ဖွဲ့က ယူဆပြီး အလိုရှိနေတာပါ။ သူဟာ လူသတ်မှု ဓားခုတ်မှုတွေ မကြာခဏ ကျူးလွန်ဖူးသူ ထောင်ထွက်တယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီပြစ်မှုတွေ ဝက်ကလေးကို ဖမ်းဆီးမိရေး အပူတပြင်း လိုက်လံစုံစမ်းနေတာဖြစ်ပြီး သြဂုတ် ၁၂ ရက်နေ့က မန္တလေးတိုင်း။ သပိတ်ကျင်းမြို့နယ် ပေကုန်းကျေရွာက အိမ်တအိမ်မှာ ခိုအောင်းနေတယ်လို့ သိရတာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဝက်ကလေးကို ဖမ်းဆီးစဉ်မှာ အိမ်ရှင်ဖြစ်သူ ဆန်းနိုင်ကိုလည်း တူမီးလုပ်သေနတ် ၃ လက် ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မြို့လယ်ကောင် လုယက်မှုမှာ အိမ်ရှင်ဆီကနေ ငွေ ၁၅ သိန်း၊ လက်တော့တလုံး၊ ဖုန်းတလုံး လုယက်ယူဆောင်သွားခဲ့ပြီး အိမ်ရှင်က အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး ဝက်ကလေးကို ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားတယ်လို့ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင် က ဒီဗွီဘီကို ပြောပါတယ်။ ရဲစခန်မှူး ရဲအုပ်ဇော်တင့်ကြိုင်က “တရားခံကတော့ အခုထိ ပြည်ကို မရောက်သေးပါဘူး၊ မနက်က မန္တလေးမြို့ကနေ ဖမ်းပြီးခေါ်လာနေပါပြီ။ သူ့ကို အမှတ် ၁ ရဲစခန်းကပဲ ဥပဒေအတိုင်း ဆောင်ရွက်မယ်” လို့ ပြောပါတယ်။ ဝရမ်းပြေးတရားခံကို ဖမ်းဆီးခဲ့မှုအခြေအနေတဲ့ ပတ်သက်ပြီးလည်း ခေတ္တယာယီ တာဝန်ထမ်းဆောက်နေတဲ့ ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးက သြဂုတ် ၁၃ ရက်နေ့မှာ မြို့မိမြို့ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းထောက်တွေကို ပြည်မြို့ နဝင်းရဲရိပ်သာမှာ တွေ့ဆုံပြီး ရှင်းလင်းပြသခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024