Live
Home
မြန်မာသတင်း
A(H1N1) ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
DVB
·
August 6, 2017
ရာသီတုပ်ကွေး A(H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၁၅ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ် ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ သြဂုတ် ၃ ရက်နေ့မွန်းလွဲပိုင်းအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၃၅၆ ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့  လူနာစုစုပေါင်း ၁၃၆ ယောက်ရှိပါတယ်။ ဒါကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသသူတွေထဲမှာ သေဆုံးမှုနှုန်းမှာ ၄.၂ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက်အရွယ်အပိုင်း အခြားအရ အသက် ၅ နှစ်အောက် ၂ ယောက်၊  အသက် ၅ နှစ်ကနေ ၁၂ နှစ် ကြားမှာ ၂ ယောက်နဲ့ အသက် ၁၃ နှစ်ကနေ ၆၅ နှစ်ကြားမှာ ၁၁ ယောက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၂၉ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၃၂ ယောက်၊ စုစုပေါင်း ၆၁ ယောက် ဆက်လက် ဆေးဝါးကုသမှုခံယူနေပါတယ်။ အများစုက သက်သာနေပြီ မကြာခင် ဆေးရုံဆင်းနိုင်မယ့် အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။ ရာသီတုပ်ကွေးဆန်သော လက္ခဏာတွေ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာတွေ ဖြစ်ပွားတယ်လို့ ထင်မှတ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွေကို ချက်ချင်းသတင်းပေးပို့ ဆေးကုသမှု ခံယူကြဖို့လည်း တိုက်တွန်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024