Home
မြန်မာသတင်း
ရောင်းမကုန်သည့် ထီလက်မှတ်များတွင် ဆုမဲပေါက်ပါက မဲပြန်နှိုက်ပေးမည်
သူဇာလင်း
·
July 31, 2017
  ရောင်းမကုန်တဲ့ အောင်ဘာလေ ထီလက်မှတ်တွေထဲက ဆုမဲပါခဲ့မယ်ဆိုရင် မဲပြန်လည်နှိုက်ပေး သွားမှာဖြစ်တယ်လို့  အောင်ဘာလေသိန်းစုဌာခွဲ  ဦးစီးအရာရှိ ဒေါ်ဇင်မင်းဝါကပြောပါတယ်။ သြဂုတ် ၁ ရက် ဖွင့်လှစ်မယ့် (၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီမှာ ရောင်းလို့မကုန်တဲ့ ထီလက်မှတ်အရေအတွက်က ၁၄၀၀၀၀ ကျော် ကျန်နေတာကြောင့် ဒီလက်မှတ်တွေထဲက ပေါက်မဲပါလာရင် ပယ်မဲအဖြစ်ထားပြီး ရောင်းပြီးထားတဲ့ ဂဏန်းထွက်တဲ့ အထိ မဲပြန် နှိုက်ပေးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထီလက်မှတ် ရောင်းရငွေက  ကျပ် ၁၉ ဘီလျံကျော်ရှိနေပြီး ကျပ် ၁၁ ဘီလျံကျော်ကို ဆုမဲတွေအဖြစ် ပြန်လည် ခွဲဝေပေသွားမှာဖြစ်တယ်လို့သိရပါတယ်။ ထီဆုတွေအနေနဲ့ ကတော့ ကျပ်သိန်းတစ်သောင်းတစ်ဆု၊ ကျပ်သိန်း၅ထောင်ဆု ၂ ဆု၊ ကျပ်သိန်း၃ ထောင်ဆု ၄ ဆုနဲ့  ကျပ်သိန်းတစ်ထောင်ဆု ၈ဆုစတဲ့ ထီဆုတွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ရောင်းမကုန်တဲ့ ထီလက်မှတ်တွေအခုလို ကျန်နေတာကတော့ ထီလုပ်ငန်းရှင်တွေနဲ့ ထီကိုယ်စားလှယ်တွေအနေနဲ့ ငွေကြေးလည်ပတ်မှုအခြေအနေတွေကြောင့် ထီလက်မှတ်တွေ ရောင်းချဖို့ လာရောက်မထုတ်ယူကြလို့ဖြစ်နိုင်တယ်လို သုံးသပ်ပြောဆိုပါတယ်။ ၅ ကြိမ်မြောက်မှာ ဖွင့်လှစ်မယ့် အောင်ဘာလေ ထီလက်မှတ်တွေမှာ  ‘က’ အက္ခရာကနေ  အစဉ်လိုက် ‘အ’ အက္ခရာအထိ အက္ခရာအလုံးရေ ၃၃ လုံးနဲ့  ‘ကက’ အက္ခရာမှ အစဉ်လိုက် ‘ကထ’ အက္ခရာအထိ ၁၇ လုံး စုစုပေါင်း  အက္ခရာ အလုံးရေ ၅၀ ကို   ထီစာအုပ်အရေအတွက် အုပ်ရေပေါင်း သိန်း ၄၀ ကျော်နဲ့ ထီလက်မှတ်အရေအတွက် သိန်းပေါင်း ၄၃၀ ကျော် ထုတ်ဝေထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024