ရီးရဲလ်တိုက်စစ်မှူး ဘေးလ်ကို မော်ရင်ဟို ခေါ်ယူလို

မန်ယူဟာ ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၈ နှစ်ရှိ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်မှာလည်း ခြေစွမ်းကျဆင်းမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့အပြင် မိုနာကို လူငယ်ကစားသမား အမ်ဘာပေကိုလည်း ရီးရဲလ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အမ်ဘာပေသာ ရောက်ရှိလာပါက ဂါရတ်ဘေးလ်အနေနဲ့ အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။ ဒီအခြေအနေကို မန်ယူအသင်းက စောင့်ကြည့်နေပြီး နည်းပြမော်ရင်ဟိုကိုယ်တိုင် ဘေးလ်ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကတော့ လာမယ့်ရာသီမှာ စီရော်နယ်ဒို၊ ဘန်ဇီမာနဲ့ ဂါရတ်ဘေးလ်တို့ရဲ့ ဘီဘီစီတိုက်စစ်အတွဲကို ဆက်ပြီး မြင်တွေ့ချင်ပေမယ့် အပြောင်းအရွှေ့ကာလ မပိတ်ခင် ဘာမဆို ပြောင်းလဲသွားနိုင်တယ်လို့ ဂါရတ်ဘေးလ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောကြားထားပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အသင်းမှာ ပြိုင်ပွဲစုံ ၂၇ ပွဲပဲ ကစားခဲ့ရပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up