Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 28, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၇၀၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၁၀၀,၅၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၅၄၄,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲထောပတ် ပဲထောပတ်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၉၁၅ ပေါက်ဈေးရှိနေပါတယ်။ မြေထောက်ပဲ မန္တလေး ကုန်စည်ဒိုင်မှာတော့ မြေထောက်ပဲက ၁ အိတ်ကို ငွေကျပ် ၁၁၅,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၁၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းနက်(စမုံ) နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၁၁,၀၀၀ ကနေ ၁၂၉,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ပဲနောက်စိမ်း ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်း ၁ တင်းကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၃၆,၅၀၀ ပေါက်ဈေး ရှိနေပါတယ်။ ပဲဇီးကွက် မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက်က ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၄၂၅ ပေါက်ဈေးရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024