မင်္ဂလာဒုံမြို့နယ်တွင် ကျူးကျော်အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေး
DVB
·
June 21, 2017
ရန်ကုန်တိုင်းဒေသကြီးက ကျုးကျော် အများဆုံးနေထိုင်တဲ့ မြို့နယ်တခုဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ ကျုးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်တွေ ထုတ်ပေးနေပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြကျေးရွာက ရွှေနံ့သာခန်းမမှာ ဇွန် ၂၁ ရက်နေ့က စပြီး စမတ်ကတ်တွေ ထုတ်ပေးနေတာပါ။
ရွှေနံ့သာစံပြကျေးရွာ အုပ်စုထဲက ကျူးကျော် ၁၀၀၀ လောက်ကို စမတ်ကတ်တွေ ထုတ်ပေးမှာဖြစ်ပြီး တခြားရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်း ဆက်တိုက်ထုတ်ပေးသွားမယ်လို့ ကျုးကျော်စာရင်းကောက်ယူရေးအဖွဲ့က ဆိုပါတယ်။