၂၀၁၇-၁၈ ပရီးမီးယားလိဂ်ပွဲစဉ် ထုတ်ပြန်၊ ချဲလ်ဆီးနှင့် ဘန်လေ၊ မန်ယူနှင့် ဝက်စ်ဟမ်းတို့ တွေ့ဆုံ

၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်လ ၁၄ ရက်က ရေးဆွဲထုတ်ပြန်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်သြဂုတ်လ ၁၂ ရက်မှာ စတင်မှာဖြစ်ပြီး လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက ဘန်လေအသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာပါ။ အသင်းကြီးတွေထဲမှာ စပါးအသင်းက တန်းတက် နယူးကာဆယ်နဲ့ အဖွင့်ပွဲမှာ တွေ့ဆုံနေပြီး မန်စီးတီးက ဘရိုက်တန်၊ လီဗာပူးက ဝတ်ဖို့ဒ်၊ အာဆင်နယ်က လက်စတာ၊ မန်ယူက ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာပါ။ လာမယ့်နှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကစားဖို့ ရှိတာကြောင့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေကို ပြီးခဲ့တဲ့ရာသီကထက် တပတ်စောပြီး  ၂၀၁၈ ခုနှစ် မေလ ၁၃ ရက်မှာ အပြီးသတ်ကျင်းပမှာပါ။ အသင်းကြီးတွေ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ပွဲစဉ် ၂ မှာပဲ စပါးအသင်းက အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့နှစ်က တန်းဆင်းသွားတဲ့ ဟားစီးတီး၊ မစ်ဒယ်ဘရော့နဲ့ ဆန်းဒါးလန်းအသင်းတို့ရဲ့ နေရာမှာ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ ဟတ်ဒါစ်ဖီးဒ်တောင်းတို့က တန်းတက်အသင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up