Home
မြန်မာသတင်း
တရုတ် ဓာတ်​ငွေ့​ပိုက်လိုင်း​ ၂၀၁၃ တွင် တင်ပို့​နိုင်​တော့​မည်
DVB
·
February 14, 2012
တရုတ်-မြန်မာ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ဟာ ​ရှေ့​နှစ် ၂၀၁၃ မှာ စတင် စမ်း​သပ်တင်ပို့​နိုင်​တော့​မယ်လို့​ တရုတ်အမျိုး​သား​ရေနံ​ကော်ပို​ရေး​ရှင်း​ စီအန်ပီစီရဲ့​ ကုမ္ပဏီခွဲ တခု ဖြစ်တဲ့​ အ​ရှေ့​တောင်အာရှပိုက်လိုင်း​ကုမ္ပဏီက စီစီတီဗွီရုပ်သံဌာနကို ​ပြောကြား​လိုက်ပါတယ်။ မြန်မာနိုင်ငံကို ဖြတ်ပြီး​ ​ဖောက်လုပ်တဲ့​ အဲဒီစီမံကိန်း​ဟာ တရုတ်နိုင်ငံအတွက် စတုတ္ထ​မြောက် အကြီး​ဆုံး​ ပိုက်လိုင်း​လည်း​ ဖြစ်ပါတယ်။ အဲဒီ ပိုက်လိုင်း​ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်း​ရိုး​တန်း​ မ​ဒေး​ကျွန်း​က​နေ စတင်ပြီး​ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ​ရွှေလီမြို့​အထိ သွယ်တန်း​ ​ဖောက်လုပ်ထား​တာပါ။ ​ရေနံပိုက်လိုင်း​ဟာ အရှည် ၂၄၀၂ ကီလိုမီတာ ရှည်ပြီး​ မြန်မာနိုင်ငံအတွင်း​မှာ ကီလိုမီတာ ၇၇၁ ​ဖောက်လုပ်တာ ဖြစ်ပါတယ်။ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​က​တော့​ အရှည် ၂၅၃၀ ကီလိုမီတာရှိပြီး​ မြန်မာနိုင်ငံဘက်မှာ ၇၉၃ ကီလိုမိတာ ​ဖောက်လုပ်မှာပါ။ ပိုက်လိုင်း​ဖောက်တာ လုပ်ငန်း​လည်ပတ် ထိန်း​သိမ်း​တာ​တွေကို​တော့​ တရုတ်အစိုး​ရပိုင် စီအန်ပီစီ အမျိုး​သား​ ​ရေနံ​ကော်ပို​ရေး​ရှင်း​က တာဝန်ယူ ​ဆောင်ရွက်ပါတယ်။ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ ပိုက်လိုင်း​ဖောက်လုပ်တဲ့​ လုပ်ငန်း​တွေကို ၂၀၁၀ ဇွန်လမှ စလုပ်ခဲ့​ပြီး​ ယခု ကီလိုမီတာ ၃၀၀ အထိ ​ဖောက်လုပ် ပြီး​စီး​ခဲ့​ပါပြီ။ ပိုက်လိုင်း​ ​ဖောက်လုပ်​နေစဉ်မှာ ​ဒေသရဲ့​ သဘာဝပတ်ဝန်း​ကျင် ထိခိုက်တာ​တွေ မဖြစ်ဖို့​ အထူး​ဂရုပြု လုပ်​ဆောင်​နေပါတယ်လို့​ အ​ရှေ့​တောင်အာရှ ပိုက်လိုင်း​ ကုမ္ပဏီက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024