Live
Home
မြန်မာသတင်း
သာစည်မြို့တွင် ကျပ်သိန်းပေါင်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးမိ
DVB
·
June 9, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးလမ်း၊ ယင်းမာပင်ရွာပေါက် မီးသတ်ရေလှောင်ကန်အနီးမှာ ကျပ်သိန်းပေါင်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၇ ရက်နေ့ ည ၁၀ နာရီအချိန်လောက်မှာ တောင်ကြီးကနေ မိတ္ထီလာကို ဦးဇော်လင်း မောင်းလာတဲ့ Famous မှန်လုံ ခရီးသည်တင်ကားအား ရပ်တန့်ရှာဖွေရာ ခုံအမှတ် ၃၁ မှာ စီးလာသူ ဇော်ညီ (ခ) ဇော်ညီညီစိုးရဲ့ ကျောပိုးအိတ်ထဲက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ဖမ်းမိတယ်လို့ ယင်းမာပင်ရွာ ရဲစခန်းက ပြောပါတယ်။ “ဇော်ညီညီစိုး အမည်နဲ့ သဘင်ပညာရှင်အစည်းအရုံး(ဗဟို) ကတ်ပြားကိုလည်း တွေ့တယ်။ မြန်မာငွေစက္ကူရောရာ ၅၄၅၀၀ ကျပ်နဲ့ ဆမ်ဆောင်းဖုန်းတလုံး၊ ဆင်းကဒ်နှစ်ခုလည်း သိမ်းတယ်။ ကျောပိုးအိတ်ထဲမှာ အမည်းရောင် ကြွပ်ကြွပ်အိတ်ထဲ အကြည်ပလပ်စတစ်နဲ့ ထုပ်ပြီး မှိုင်းခံစက္ကူနဲ့ ပတ်ထားတဲ့ အထုပ် ၁ ထုပ်၊ ဆေးပြား ၂၀၀ ပါကိုလည်း တွေ့တယ်။ အဖြူရောင် ပလတ်စတစ် ကပ်ခွာနဲ့ ထည့်ထားတာ အထုပ် ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂၀၀၀၀၊ အလေးချိန် ၂ ကီလိုဂရမ် တွေ့တယ်။ ကာလပေါက်ဈေး သိန်း ၁၀၀၀ တန်မယ် ခန့်မှန်းတယ်” လို့ ယင်းမာပင်ရွာ ရဲစခန်းစခန်းမှူး ရဲအုပ်တင်ထွန်းနိုင်က ပြောပါတယ်။ သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းမှာ ရဲအုပ်ခွန်အောင်ကိုကိုက တရားလိုပြုလုပ်ပြီး  မယ(ပ) ၁/၂၀၁၇ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော သုံးစွဲ/လက်ဝယ်ထားရှိ/ ရောင်းဝယ်/ ထုတ်လုပ်ဖြန့်ဖြူးသောပုဒ်မ မူးစိတ်၁၅/၁၉(က)/၂၀(က)/၂၁ နဲ့ ဇော်ညီ (ခ)ဇော်ညီညီစိုးကို ဖမ်းဆီးအမှုဖွင့်ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024