သာစည်တွင် ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံဆန္ဒပြပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
May 26, 2017
တဦးတယောက် ငြိမ်းချမ်းရေးမှ အားလုံးငြိမ်းချမ်းရေး ဖြစ်ထွန်းစေဖို့ ရည်ရွယ်ပြီး ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့မှာ မေ ၂၅ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး အထက်တန်းကျောင်းသားတွေအပါဝင် လူအင်အား ၃၀၀ လောက်က တောင်ကြီး-သာစည်လမ်းပေါ်ရှိ နဘဲရွှေထီးဘုရားမှ ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)