ဘိုင်ယန်မြူးနစ်အသင်း ခေါင်းဆောင် ဖိလစ်လန်း ကစားသမားဘ၀မှ အနားယူ

ဘိုင်ယန်မြူးနစ်အသင်း ခေါင်းဆောင် ဖိလစ်လန်းဟာ ဖရိုင်းဘတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ မနေ့ကပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ကစားသွားပြီး ဘောလုံးသမားဘ၀ကနေ အနားယူသွားပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ ဖိလစ်လန်းအတွက် နှုတ်ဆက်ပွဲ ပြုလုပ်သွားပါတယ်။ အသက် ၃၃ နှစ်အရွယ် ဖိလစ်လန်းဟာ ဒီနှစ်ရာသီအကုန်မှာ ကစားသမားဘ၀ကနေ အနားယူမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ကြေညာထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်မှာလည်း ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ရယူပြီး ၅ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားပါတယ်။ ဂျာမန် လက်ရွေးစင် ဖိလစ်လန်းဟာ ၂၀၁၄ မှာ အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရအောင် အဓိက နေရာက ကူညီထားသူလည်း ဖြစ်ပါတယ်။ သူဟာ အသက် ၁၁ နှစ်အရွယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာပြီး နောက်တန်းနဲ့ ကွင်းလယ် ၂ နေရာစလုံးမှာ ကစားနိုင်သူဖြစ်သလို ကစားသမားဘ၀ တလျှောက်လုံး ဘိုင်ယန်အသင်းမှာပဲ အများဆုံး ကစားခဲ့သူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up